ဂေဟပေါင်းကူးတံတားများ

အမြန်လမ်းကို တညလုံး ကား​မောင်းလာရ​တော့ အ​ညောင်း​ပြေအညာ​​ပြေ လမ်းဆင်း​လျှောက် အ​ပေါ့အပါးသွား​ဖို့ ကားခဏရပ်ဖြစ်တယ်။

အ​ပေါ့သွားပြီး ကားဆီပြန်​လျှောက်လာမှ လမ်းကိုကြည့်ဖြစ်​တော့တယ်။ အဲ့​တော့မှ လမ်း​ပေါ်မှာ ပိပြား​ခြောက်ကပ်​နေတဲ့ ​မြွေအ​သေ​တွေ ဟိုနားတခု ဒီနားတ​ခု သတိထားမိတယ်။

လမ်းဆိုတာ တ​နေရာနဲ့တ​နေရာကို ဆက်သွယ်​ပေးဖို့ပါ၊ လမ်း​တွေက အတားအဆီးအရံအတားဖြစ်​စေတာမျိုးကို မြင်ရ​တော့ ဝမ်းနည်းရတယ်။  ကျွန်​တော်တို့လူသား​တွေ လမ်း​ဖောက်တာ တခြားသတ္တဝါ​တွေ လမ်း​ပျောက်ကုန်ပါလား။

ဒီလိုမျိုး​တွေမဖြစ်ဖို့အတွက် အသိပညာမြင့်မားတဲ့ နိုင်ငံ​တွေမှာ လမ်း​တည်​ဆောက်ရင် eco bridge ဆိုတဲ့ ဇီဝ​ပေါင်းကူးတံတား​တွေ ထည့်သွင်းတည်​ဆောက်ကြတယ်။ ဒီ​ပေါင်းကူးတံတား​တွေက ကုန်းတံတား​တွေလည်းရှိသလို ​ရေတံတား​တွေလည်းရှိပါတယ်။

ဒါ​တွေကို သက်သက်​အပို​တွေ၊ ပိုက်ဆံဖြုန်းတဲ့လုပ်ငန်း​တွေရယ်လို့ မ​တွေး​စေချင်ဘူး။ လူသား​တွေဟာလည်း ​ဂေဟစနစ်ရဲ့ သားသမီး​တွေဖြစ်တယ်၊ ​မြေကမ္ဘာကို အိမ်လုပ်ပြီး​နေကြတာဖြစ်တယ်။ ဒါ့​ကြောင့် ကျွန်​တော်တို့ရဲ့ လုပ်ရပ်​တွေက ကျွန်​တော်တို့အတွက် ​ရေတိုအဆင်​ပြေ​နေရုံနဲ့မပြီးဘူး၊ တခြားသက်ရှိ​တွေနဲ့ ​နောင်လာ​နောက်သား​တွေအတွက် အဆင်​ပြေဖို့လည်း ထည့်သွင်းစဥ်းစားသင့်တယ်။