လမ်းကြိတ်စက်​မောင်းကောင်းသူတစ်​ယောက်ရဲ့ လမ်းဟာ အပ်ချုပ်ဆရာ​ကောင်းတစ်​ယောက်ရဲ့ ချုပ်ရိုးချုပ်သား​ကောင်းတဲ့အင်္ကျီလို ဖြစ်​နေမှာပဲ။ လမ်းသက်တမ်း​ကောင်းမယ်၊ လှိုင်းတွန့်ကင်းမယ်၊ ယာဥ်​မောင်းရင်ငြိမ့်​ညောင်းမှုရှိမယ်။

လမ်းကြိတ်စက် စကြိတ်ဖို့ လမ်းထဲကို ဝင်တဲ့အခါ လမ်းရဲ့အပြင်ဘက်/လမ်းပခုံးဘက်က​နေ လမ်းအတွင်းဘက်ကိုဝင်ရတယ်။ လမ်းလည်​ခေါင်က ​ဖောက်ဝင်ခြင်းမျိုးကို ​​ရှောင်ရမယ်။ ​ခင်းထားတဲ့​​ခွဲကျောက်​တွေရဲ့  ချိတ်ဆက်မှု တည်ငြိမ်မှု ခိုင်ခံမှုကို အ​ထောက်အကူ​ပေးတယ်။

လမ်းကကျယ်လို့ တခြမ်းစီခင်းရင်(၁၈’အကျယ်ကို ၉’ စီခွဲခင်းတဲ့အခါ) လမ်းကြိတ်စက်ကို လမ်းအူတိုင်က​​နေ ဖြတ်တတ် ဖြတ်ဆင်းတာမျိုးကို ​ရှောင်ရမယ်။ ​ခေါင်​(camber)ဖော်ထားတာ ကျိုး(ပြား)သွားတတ်တယ်။

လမ်းကြိတ်စက်​ လမ်း​ကြောင်း​ပြောင်းတဲ့အခါမှာလည်း ​ရထားလွန်းထိုးသလို ​ရှေ့တိုး​နောက်ဆုတ် ​ယောင်​ယောင်​လေး​လုပ်ပီး ပြောင်းရတယ်။ လိုရာကို တန်း​ချိုးပြောင်းလိုက်ခြင်းမျိုး ​ရှောင်ရမယ်။ အဲ့လိုပဲ လမ်း​ပေါ်မှာ ကန့်လန့်ဖြတ်​ကွေ့တာမျိုး၊ ဂ​ကွေ့ ​ကွေ့ တာမျိုး​တွေလည်း ​ရှောင်ရမယ်။ တည်ငြိမ်​မှုရ​အောင်ကြိတ်ထားတဲ့ ခွဲ​ကျောက်​​တွေကို နှဲ့နှုတ်​နေသလိုဖြစ်တတ်တယ်။

လမ်း​ကွေ့​တွေ super elevation ​ဖော်ထားရင် လမ်းကြိတ်စက်ကို အနိမ့်ပိုင်းက​နေ အမြင့်ကို တဖက်တည်း ကြိတ်တာမျိုးပဲ လုပ်ရမယ်။ ပုံမှန်ပြန့်​တွေမှာ ကြိတ်သလိုမျိုး ဘယ်ဖက်၊ညာဖက်က​နေ အသွားအပြန်ကြိတ်တာမျိုး ​ရှောင်ရမယ်။ ဒါမှ အ​စောင်းမှန်သလို တည်ငြိမ်မှုရှိမယ်။