ဒုအ​ခြေခံလွှာမှာ QC အ​နေနဲ့ အဓိကအချက်၅ချက်ကို စစ်​ဆေးရပါတယ်။

၁၊ ကျောက်အရွယ်အစားနှင့် ခင်းတဲ့ပုံစံကို စစ်ပါတယ်။
ဒုအခြေခံလွှာမှာ 2-4″ ကျောက်ကို သုံးပေမဲ့၊ နေရာဒေသအလိုက် မတူညီတဲ့ လိုအပ်ချက်အရ design အပေါ်မူတည်ပီး ကွဲလွဲမှု ရှိနိုင်ပါတယ်။ တချို့နေရာဒေသတွေမှာ ချောင်းသဲကျောက်သုံးတာမျိုး ရှိပါတယ်။
QC အနေနဲ့က ကျောက်အရွယ်အစား မှန်ကန်မှု ရှိမရှိ စစ်ရပါတယ်။ တကယ်လို့ ဒုအခြေခံလွှာကို 2-4″ကျောက် ၁၀” ခင်းရမယ်ဆိုရင် ပထမတလွှာခင်းခြင်း အထူဟာ သတ်မှတ်ချက် ကျောက်အရွယ်ရဲ့ နှစ်ဆ ဖြစ်မနေဖို့ စစ်ရပါတယ်။ ၅” ထုစီ နှစ်လွှာခင်းရမယ်လို့ဆိုလိုတာပါ။ တကြိမ်တည်းနဲ့ ၁၀” အပြည့် ခင်းခြင်းကို ခွင့်မပြုပါဘူး။ ကြိတ်သားဝဖို့နဲ့ လေခိုမှု နည်းစေဖို့လည်း ဖြစ်ပါတယ်။ မြေပြင်မှာတော့ လမ်းကြိတ်စက် ဝင်ဖို့ခက်တဲ့ အနေအထားတွေမှာ နှစ်လွှာပေါင်းခင်းတာကို ခွင့်ပြုပေးတတ်ကြတယ်။ ဖြစ်နိုင်ရင်တော့ လက်ကိုင် ကြိတ်စက်တွေနဲ့သာ ကြိတ်သင့်ပါတယ်။

၂၊ လမ်းကြိတ်တဲ့ပုံစံ၊
လမ်းကြိတ်စက် ကြိတ်တဲ့ပုံစံကို စစ်ဆေးရပါတယ်။ လမ်းကြိတ်စက်ကို လမ်းရဲ့အပြင် လမ်းပခုံးဘက်က ဝင်ပီးပဲ ကြိတ်ရတယ်။ လမ်းလယ်ခေါင်ကနေ ဖြတ်တတ်ပီး အပြင်ကိုကြိတ်တာက လမ်းကို ဆွဲဖြဲသလိုဖြစ်တယ်၊ လမ်းကြိတ်စက်ကွေ့တာစောင်းကိုလည်း ဂရုစိုက်ရတယ်၊ အောက်ကေကျာက်တွေကို ဆွဲရမ်းနေသလိုဖြစ်တယ်။ အကြိမ်အရေအတွက် အကြမ်းဖျဥ်း သတ်မှတ်ချက် ရှိပေမဲ့ ကြိတ်သားဝဖို့ကိုပဲ အဓိကစစ်တယ်။

၃၊ camber & lavel
ဒါကတော့ ရေမတင်ဖို့နဲ့ ယာဥ်သွားယာဥ်လာ အန္တရယ်ကင်းစေဖို့ လမ်းအစောင်းနဲ့ ပြန့်ပြူးမှုကို စစ်တာပါ။ များသောအားဖြင့် ၃% စောင်းရတယ်။

၄၊ CBR စစ်ရန်
များသောအားဖြင့် ဒုအခြေခံလွှာရဲ့ CBR ဟာ အနည်းဆုံး၃၀ % သတ်မှတ်ထားပါတယ်။ Plate bearing test ဖြစ်ပါတယ်။ ၁၀’ အကျယ်လမ်းအတွက် ၁၀၀’ မှာ တစ်မှတ်စစ်ရပါတယ်။ မြန်မာပြည်မှာတော့ အနည်းဆုံးလမ်းအကျယ်တောင် ၁၂’ ရှိတယ်။

၅၊ သတ်မှတ်အထူ
ဒါကတော့ Design ပေးထားချက်အတိုင်း ၁၀” ဒါမှမဟုတ် ၉” ပြည့်မပြည့်စစ်တာပါ။ ကျောက်စခင်းတည်းက စစ်ကြသလို၊ ခင်းပီးမှ ဖောက်စစ်တာလည်း ရှိတယ်။