မြန်မာပြည်မှာတော့ တန်းပလိတ်လို့ခေါ်ကြတယ်။ များသောအားဖြင့် ကျောက်ခင်းကတ္တရာ ၃% အတွက် သုံးကြတယ်။ ၃% အစောင်းဆိုတာ ၁၂’ အကျယ်ရှိတဲ့လမ်းလောက်မှာပဲ ပေါ်ပေါ်လွင်လွင်ရှိတာ၊ ၁၆’၊ ၁၈’ တို့မှာဆို မပေါ်သလောက်ပဲ၊ (ကျနော့်မျက်စိမကောင်းတာလည်း ပါမှာပေါ့)၊ မြေပြင်မှာတော့ အလုပ်ခေါင်း၊ အလုပ်ကြပ်တွေ camber ဖော်ထားတယ်ဆိုတာ စာထဲကသတ်မှတ်ချက် ရာခိုင်နှုန်း ထက် အများကြီး စောင်းကြတယ်။
တန်းပလိတ်(camber board) တင်လိုက်ရင် ရေချိန်က ထောင်တတ်နေရောပဲ။
ကျနော်ကတော့ သတ်မှတ်ချက် ရာခိုင်နှုန်းထက် cambe ဆိုတာ ရေမတင်ဖို့ ရေဆင်းဖို့ ပဲ ဦးစားပေးကြည့်တယ်။
အလုပ်ခေါင်းတစ်ယောက်ကို တန်းပလိတ်ကြီးပေးပီး ရေချိန်မှန်အောင် လုပ်လို့ ခိုင်းဖူးတယ်။ ကျောက်ပဲ ပိုကုန်သွားတယ်၊ ရေချိန်မမှန် camber မပေါ်နဲ့၊ သူနည်းသူ့ဟန်နဲ့ လုပ်နေတုန်းကမှ အဆင်ပြေသေးတယ်။

တချို့အလုပ်ခေါင်းကလည်း ဆရာ့ တန်းပလိတ်ကအမှားကြီး၊ ဒါနဲ့ခင်းရင် ရေဆင်းမှာ မဟုတ်တော့ဘူးဆိုတာလည်း ရှိသေးတယ်။

အရမ်းစောင်းရင်လည်း ယာဥ်တွေရဲ့ အရှိန်နဲ့ တိမ်းမှောက်မှုအေပါ် သတ်ရောက်မှုဖြစ်စေနိုင်လို့ စောင်းရင်ပီးရောမဖြစ်အောင်လည်း ဂရုစိုက်ရတယ်။