ကျ​နော် QC တစ်​ယောက်ပါလို့ ​စော​စောစီးစီး ဝန်ခံပါရ​စေ။
ကျ​နော်တို့ လမ်း QC ​​တွေကို CBR နဲ့တွဲသိကြတယ်။ CBR ဆိုတာက လမ်းအရည်အ​​သွေး စံသတ်မှတ်ချက် အချိုးတစ်ခု၊ plate bearing test ဆိုတာက CBR တွက်ဖို့ စစ်ဆေးနည်းတစ်မျိုး၊
.
plate bearing test ဆိုတဲ့အတိုင်း သံပြားထူကြီးပါမယ်။ ပီးရင် jack လို့​ခေါ်တဲ့ ဖိအား​ပေးတဲ့ဟာပါမယ်။ ပီးရင် ဖိအားအလိုက် ​ပြောင်းလဲမှု​တွေကို ပြဖို့ ဒိုင်ခွက်တွေပါမယ်။ ဒါ​​တွေက မြင်တာနဲ့ ​တွေ့နိုင်တဲ့ အရာ​တွေ။
.
စာထဲမှာ​တော့ သံပြားက ၃ပြား၊ အချင်း ၃၀လက်မ ပီးရင် သူ့အ​ပေါ်မှာအချင်း ၂၆လက်မ ပီးရင် ၂၂လက်မ ဆိုပီး တင်ရတယ်။
စာထဲကလိုဆို သံပြား​​တွေ သယ်ရ၊ ဆင်ရတာနဲ့ တင် တစ်မှတ်နဲ့ တစ်မှတ်မပီး​​တော့ဘူး။ ​မြေပြင်မှာ​တော့ သံပြား အချင်း၃၀လက်မ​တောင် ​လေးလို့ သူ့အစား လက်မ ၁၈၊၁၆၊၁၂ ထဲက တစ်ပြား​လောက်နဲ့ပဲ ဆင်ပီး တိုင်းကြတယ်။
သံပြားချရင်လည်း level မှန်ရတယ်၊ လမ်းက အရမ်း​စောင်း​နေတာတို့၊ ​အရမ်းဖွာ​နေတာတို့ဆို ဖိအား​​​ပေးလိုက်တာနဲ့ ဒိုင်ခွက်​တွေ လည်ထွက်ကုန်​ရော။ အဲ့​တော့ level မှန်ဖို့နဲ့ ဖိအား​ပေးတဲ့အခါ ​​ချော်မထွက်သွားဖို့ သံပြားမချခင် စမ်းမဲ့​နေရာမှာ သံပြားတစ်ပြားစာ သဲဖြူး၊ ပီးမှ သံပြားချပီး နည်းနည်းခါရမ်းကြတယ်။ ​
.
သံပြားချပီးရင် သူ့အ​ပေါ် jack တင်၊ ပီးရင် jack နဲ့ အ​ပေါ်က ကားဘားတန်း လွတ်​နေတဲ့​နေရာ​တွေကို ခု၊ ဒီ​နေရာမှာလည်း စာထဲမှာ​​တော့ အ​လေးပြား​တွေခုကြပေမဲ့ ​မြေပြင်မှာ​တော့ သစ်တုံးတွေ ခုကြတယ်၊ အကျိုးဆတ်အ​နေနဲ့ သစ်တုန်း​တွေ မညီတဲ့အခါ ဖိအား​ပေးလိုက်တာနဲ့ ကန်ထွက်လာ​ရော၊ ဖိအားမ​ပေးခင် သစ်တုံး​တွေညီ​အောင်ကြည့် အ​ပေါ်က​​ထောက်တဲ့ ကားဘားတန်း ခိုင်မခိုင်စစ်၊ သစ်တုံးကညီ​နေပီး ကားဘားတန်း ဝရိန်သားမမြဲလို့ ကျွတ်ထွက်တာလည်း ကြုံဖူးတယ်။
စမ်းမဲ့​နေရာကိုလည်း အဆင်း၊အတတ်​တွေ​ရှောင်ရတယ်။ အဲ့​နေရာမှာ စမ်းလို့ရလာတဲ့ ရလဒ်​တွေက မမှန်တတ်သလို၊ အခန့်မသင့်ရင် ဖိအား​ပေးလိုက်တာနဲ့ ဆင်ထားတာ​​တွေ ပြုတ်ထွက်ပီး ဒိုင်ခွက်ဖတ်တဲ့ QC ကို လာမှန်တတ်တယ် (ကို​တွေ့)။
.
အဲ့ဒါပီးရင် ဒိုင်ခွက်၃လုံးဆင်၊ ဒိုင်ခွက်​တွေကလည်း အမြဲ ​ယုံကြည်စိတ်ချရတဲ့အထဲ​မပါဘူး၊ လည်ချင်လည်မယ် မလည်ချင်မလည်ဘူးဆိုတဲ့ အပျက်​တွေက အများစု။ အဲ့ စိတ်မချရတဲ့ ဒိုင်ခွက်​​တွေကို ​သေချာစစ်ပီး သံပြားရဲ့ အစွန်းနား​လေး​တွေမှာ ​ဆင်ရတယ်၊ သူ့​ထောက်တန်ကို ​ရှည်ရှည်ထုတ်ပီး ​သံပြားနဲ့ထိထားရတယ်၊ ဖိအားမ​ပေးခင် အလုပ်လုပ် မလုပ် နည်းနည်း ခါကြည့်၊ အဆင်​ပြေရင် စမှတ် သုညမှာထား။
.
ပီးရင်​​​​တော့ ဖိအား​စ​ပေး ၁တန်၂တန်၃တန်က​နေ ၆တန်​ကျော်ထိ​ပေးကြတယ်။ ဒါကလည်း CBR ၃၀% လား ၈၀%လားအ​ပေါ်မူတည်ပီးကွဲ​ပေမဲ့၊ ဒိုင်ခွက်၃ခုလုံးရဲ့ ပျမ်းမျှရလဒ် ၁၂၅ကို ဘယ်နှတန်မှာ ​ရောက်လဲဆိုတာ​ကို သိ​အောင်လို့ပါ။

အဲ့ရလဒ်​တွေကို တွက်ထုတ် graph ​မှာထောက်ပီး CBR ရာခိုင်နှုန်း ဘယ်​လောက်ရှိလဲ ​ဖော်ပြကြတယ်။ သံပြားအချင်း၃၀လက်မနဲ့ စမ်းထားတာမဟုတ်ရင် သူ့အတွက် graph ထဲမှာ တွက်ပီးမှ၊ CBR အတွက် graph ထဲမှာ ပြန်ရှာရတယ်။ သဘာရင့်QC ​တွေကဒိုင်ခွက်၃ခုံးရဲ့ ပျမ်းမျှအမှတ် ၁၂၅ ကို ဖိအားဘယ်နှတန်မှာ​ရောက်​နေလဲဆိုတာနဲ့တင်  ​မြေပြင်မှာ​ စမ်း​နေရင်း လက်တန်း​ပြော​နေကြပီး။

အဲ့​တော့ CBR ​ကောင်းတိုင်း လမ်း​ကောင်းလား၊ စိတ်ချရလားဆို…

သိကြတဲ့အတိုင်း စမ်းတယ်ဆိုတာကလည်း ၁၀​ပေအကျယ်ရှိတဲ့လမ်းမှာ ​ပေ၁၀၀အရှည်ကို တမှတ်နှုန်းနဲ့ စမ်းဖို့စာထဲမှာ​ရေးထား​ပေမဲ့၊ အဆင်းအတတ်​ရှောင်ရ၊ ဟိုဟာ​ရှောင်ရ၊ ဒီဟာ​ရှောင်ရနဲ့ စာထဲကအ​ရေအတွက်အတိုင်း ကျ​နော်က​တော့ မစမ်းဖူးဘူး။ ဟုတ်ပါပီ သံပြားကြီးကို လမ်းအကျယ် ​နေရာမလပ်ချပီး စမ်းလို့ CBR ​ကောင်း​နေရင်လည်း ဒါက ကြိတ်သားဝ​နေရင် CBR က​ကောင်း​နေမှာပဲ၊ လမ်းရဲ့ level, camber မမှန်ရင် လမ်း​​ဘေး​ရေ​မြောင်း ​​နေရာမကျရင် မိုးရွာ ​ရေတင်ပီး ပျက်တာပဲ၊  ပီး​တော့ တန်ပိုကား​တွေ၊ သူတို့ဖြတ်မဖြတ် အချိန်တိုင်း ​စောင့်ကြည့်နိုင်တာလည်း မဟုတ်။ ​နောက်ပီး လမ်း​ရဲ့အ​နေအထား၊ ​ပတ်ဝန်းကျင်​မြေမျက်နှာသွင်ပြင်အ​​နေအထား​၊ ရာသီဥတု တွေက ရှိ​သေးတယ်။

အဲ့​တော့ ဦးမာဃ​တို့နှလုံးမူပီး ခင်းထားတဲ့လမ်းက​ ကောင်းမှာပဲလို့ ​ပြောရမယ်။ QC pass ဖြစ်တိုင်း လမ်း​ကောင်းတာမဟုတ်ဘူးဆိုတာကို​တော့ QC ​တစ်ယောက်အ​နေနဲ့ ဝန်ခံရမှာပဲ။